ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

TESTIMONIALSကူဘိုတာ ထွန်စက်(၁)စီး၊ ရိတ်စက် (၂)စီးနှင့် အငှားဝန်ဆောင်မှုလုပ်ကိုင်သော နေပြည်တော်မှ တောင်သူ ဦးရန်ဖြိုးနိုင်

အသုံးပြုသူ၏စစ်မှန်သောရင်တွင်းစကားသံ

“ကျွန်တော်က နေပြည်တော် ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ ရွာသစ်ကြီးကျေးရွာက တောင်သူ ဦးရန်ဖြိုးနိုင် ဖြစ်ပါတယ်။ ကျွန်တော်က ထွန်ယက်ချိန်မှာ ငှားရတာအဆင်မပြေလို့ ဝယ်လိုက်ပါတယ်။ ပြီးတော့ ရိတ်ချိန်ရောက်ပြန်ရင်လည်း ရိတ်ချိန်ကျော်တော့ အဆင်မပြေလို့ GPRO ရိတ်စက် တစ်စီးဝယ်လိုက်တယ်။

အဲ့ဒါနဲ့ နောက်ထပ်နှစ်တွေမှာ စီးပွားရေးပိုအဆင်ပြေလာတော့ ကျွန်တော့်ရွာက ကွင်းနဲ့စက်နဲ့မနိုင်တော့လို့ နောက်ထပ်ရိတ်စက်တစ်စီး ထပ်ဝယ်လိုက်တယ်။ ပြောရရင်တော့ လုပ်ငန်းတွင်ကျယ်ဖို့အတွက် ဝယ်လိုက်တာပေါ့။ ​

ကူဘိုတာကို ဘာလို့ဝယ်ဖြစ်လိုက်တာလဲဆိုရင်တော့ တခြား Brand တွေထက်စာရင် Kubota Brand ကို ပိုကြိုက်လို့ ဝယ်ဖြစ်တာပါ။ အပိုပစ္စည်းဝယ်ရတာလဲ လွယ်တယ်။ ဘယ်အချိန်ပဲဝယ်ဝယ် ကူဘိုတာအရောင်းဆိုင်တွေကလည်း နီးနီးနားနားရှိတော့ Kubota ကိုပဲ ရွေးလိုက်တာပါ။ သုံးရတဲ့အချိန်မှာလည်း တော်တော်လေးအဆင်ပြေတယ်။ စက်တွေကျသွားအချိန်မှာလည်း အရောင်းအဝယ်ဖြစ်တယ်။ အဲ့ဒါကြောင့် Kubota ကိုပဲ ရွေးချယ်ဖြစ်တာပါ။ ​

ကျွန်တော် တခြားစက်တွေရော Kubota စက်တွေရော တက်မောင်းကြည့်ဖူးတယ်။ မောင်းကြည့်တဲ့အခါ Kubota ကို ‌မောင်းရတဲ့ Feeling ကို ပိုကြိုက်တယ်။ အဲ့ဒါနဲ့ Kubota ပဲ ရွေးဖြစ်လိုက်တာပေါ့​

ကျွန်တော်တို့လို တောင်သူတွေလည်း စက်တွေဝယ်မယ်ဆိုရင် Kubota Brand ကိုပဲ အရင်ဆုံး စဥ်းစားစေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Kubota ကို ရွေးချယ်ဖြစ်ပါတယ်။...” လို့ တောင်သူဦးကြီးရဲ့ စစ်မှန်သောရင်တွင်းစကားကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်ခင်ဗျာ....​

ကူဘိုတာအသုံးပြုသူ တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သီးနှံများအထွက်တိုး၍ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပါစေကြောင်း ကျွန်တော်တို့ Kubota Myanmar မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ...​