ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

TESTIMONIALS“ကူဘိုတာ ထွန်စက်(၂)စီး နှင့် ရိတ်စက်(၁)စီးနှင့် အငှားလုပ်ငန်းဝန်ဆောင်မှု လုပ်ကိုင်နေသော နေပြည်တော်မှ တောင်သူဦးဝင်းလှိုင်”

တောင်သူ့ရင်တွင်းစကားသံ

“ကျွန်တော်က နေပြည်တော် ဥတ္တရသီရိမြို့နယ်က တောင်သူဦးဝင်းလှိုင် ဖြစ်ပါတယ်။ လက်ရှိမှာ ကူဘိုတာထွန်စက်(၂)စီးရယ်၊ ရိတ်ခြွေစက် (၁)စီးရယ် အသုံးပြုနေပါတယ်။ ကူဘိုတာကို အသုံးပြုခဲ့တာ ၂၀၁၇ ကနေ အခုချိန်ထိပေါ့နော်။ အဲ့တုန်းက မြင်းကောင်ရေ (၆၀) ပေါ့။ စက်ရဲ့ကြံ့ခိုင်မှုအားရယ်၊ စွမ်းဆောင်ရည်ရယ်ကြောင့် ကျွန်တော့်လုပ်ငန်းအစစအရာရာ အဆင်ပြေလာတော့ ၂၀၂၁၈ မှာ ‌နောက်ထပ် (၆၀)တစ်စီး၊ ၂၀၁၉ မှာ ရိတ်ခြွေစက် (၁)စီး ဝယ်ဖြစ်သွားတယ်ပေါ့။ ၂၀၂၀ ရောက်တော့ မြင်းကောင်ရေ (၈၅)တစ်စီး ထပ်ဝယ်ဖြစ်တယ်။

အခုလက်ရှိကတော့ မြင်း‌ကောင်ရေ (၆၀)တစ်စီးရယ်၊ မြင်းကောင်‌ရေ (၅၇)တစ်စီးရယ်၊ ရိတ်စက်ကတော့ GRPO (၁)စီးရယ် လက်ရှိအသုံးပြုနေတယ်။ ကူဘိုတာအသုံးပြုရတာ အစစအရာရာအဆင်ပြေတယ်။ အပိုပစ္စည်းလဲပေါတယ်။ စက်ရဲ့ကြံ့ခိုင်မှုအားလဲကောင်းတော့ လုပ်ငန်းလဲတွင်တွင်ကျယ်ကျယ်လုပ်နိုင်တယ်။ နှစ်တိုင်းအဆင်ပြေတော့ စက်တွေကို နှစ်တိုင်းဝယ်ဖြစ်တယ်ပေါ့။

စက်ထဲမှာလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ထားတယ်။ တခြားစီးပွားရေးလည်းရှိတယ်ပေါ့။ ကိုယ်တိုင်လည်း တောင်သူပဲလုပ်ခဲ့တာဆိုတော့ ကိုယ့်လိုတောင်သူတွေလဲအဆင်ပြေအောင် စက်အငှားလဲလိုက်ပါတယ်။

Kubota Brand က လက်ရှိမှာ အကောင်းဆုံးလို့ပြောလို့ရတယ်။ ကိုယ့်နေရာမှာတင်မဟုတ်ဘူး တခြားနေရာတွေမှာလည်း တော်တော်များများသုံးကြတာ တွေ့ရတယ်။ ကျွန်တောက်ကတော့ အခုလဲကူဘိုတာပဲ နောက်လဲကူဘိုတာပဲ ဆက်သုံးဖြစ်ဦးမှာပါ။

စက်ဝယ်ချင်တဲ့ တောင်သူတွေအနေနဲလည်း Kubota Brand ကိုပဲ ရွေးချယ်ဖို့အကြံပြုချင်ပါတယ်။..” လို့ တောင်သူဦးကြီးရဲ့ စစ်မှန်သောရင်တွင်းစကားကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်ခင်ဗျာ....

ကူဘိုတာအသုံးပြုသူ တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သီးနှံများအထွက်တိုး၍ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပါစေကြောင်း ကျွန်တော်တို့ Kubota Myanmar မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ...​