ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

TESTIMONIALS“ကူဘိုတာ MU5702 ထွန်စက်အသုံးပြုသူ နေပြည်တော်မှ တောင်သူဦးစိုးစိုး”

အသုံးပြုသူ၏စစ်မှန်သောရင်တွင်းစကားသံ

“ကျွန်တော်က နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းအုပ်စု၊ မောင်းရမ်းကျေးရွာက ဦးစိုးစိုး လို့ခေါ်ပါတယ်။ လက်ရှိမှာတော့ အုတ်လုပ်ငန်းအသေးစားလုပ်ကိုင်နေပါတယ်။ ကူဘိုတာစက်ကို ဝယ်ယူရတဲ့အကြောင်းအရင်းကတော့ ကျွန်တော်ရဲ့အုတ်လုပ်ငန်းမှာ လှမ်းကွင်းရှင်းတယ်၊ မြေသယ်တဲ့အခါ ထိုးတဲ့အခါ အသုံးဝင်အောင်လို့ ဝယ်ယူလိုက်ပါတယ်။

လက်ရှိမှာလည်း အပိုဝင်ငွေလည်းရအောင်လို့ တောင်သူတွေရဲ့ မတ်ပဲသီးနှံကြဲကိုလည်း အငှားအရမ်းလိုက်ပါတယ်။ ဒီလို အငှားအရမ်းလိုက်တဲ့အတွက် မိသားစုအတွက်လည်း အပိုဝင်ငွေရတယ်။ လူနေမှုအဆင့်အတန်းလည်း မြင့်တယ်။ စိတ်ချမ်းသာတယ်၊ ပျော်တယ်၊ ဒီစက်ကို ရည်ရွယ်ချက်မရှိပဲ ဝယ်နိုင်သွားတဲ့အတွက်ပေါ့

ဒီကူဘိုတာ (၅၇) ကောင်ကိုဝယ်ဖို့ စိတ်ကူးကရှိတယ်။ အခု‌တော့ ကိုယ်ဖြစ်ချင်တာလေး အောင်မြင်သွားပါတယ်ပေါ့

ကျွန်တော်တို့လို တောင်သူဦးကြီးများလည်း စက်ဝယ်မယ်ဆိုရင် ကျွန်တော့လို ကူဘိုတာစက်ကိုပဲ ရဲရဲကြီးရွေးချယ်လိုက်ပါ..” လို့ တောင်သူဦးကြီးရဲ့ စစ်မှန်သောရင်တွင်းစကားကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်ခင်ဗျာ....

ကူဘိုတာအသုံးပြုသူ တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သီးနှံများအထွက်တိုး၍ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပါစေကြောင်း ကျွန်တော်တို့ Kubota Myanmar မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ...