TESTIMONIALS“ကူဘိုတာ ကောက်စိုက်စက်အသုံးပြုပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်နေသော ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှ တောင်သူဦးခင်မောင်လွင်”

- အသုံးပြုသူ၏စစ်မှန်သောရင်တွင်းစကားသံ
-
“ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်က တောင်သူ ဦးခင်မောင်လွင် ဖြစ်ပါတယ်ခင်ဗျ။ လက်ရှိမှာတော့ ကူဘိုတာထွန်စက်တစ်စီးရယ် စပါးစိုက်ရာသီမှာ ကောက်စိုက်သမ ရှာရခက်လာလို့ ကူဘိုတာကောက်စိုက်စက် ဝယ်ယူသုံးစွဲနေပါတယ်ခင်ဗျ။
ကောက်စိုက်စက် ဝယ်ယူသုံးစွဲရုံတင်မကပါဘူး။ ကူဘိုတာမြန်မာက ကောက်စိုက်ပျိုးနဲ့အတူ အခြားအကြံပေးမှုတွေလည်း လုပ်ပေးတော့ စနစ်တကျ စိုက်ပျိုးလိုက်တဲ့အတွက် စပါးအထွက်နှုန်းလဲ သိသိသာသာလေး တိုးလာတယ်။
ကူဘိုတာကောက်စိုက်စက်လေး ဝယ်လိုက်တာက ကျွန်တော့်အတွက် တော်တော်လေးအဆင်ပြေပါတယ်ခင်ဗျ။ အရင်ကဆို ကောက်စိုက်ရာသီဆို ကောက်စိုက်သမရှာရတာရယ် အလုပ်သမားရှားပါးလာရယ်ကြောင့် အခက်အခဲဖြစ်ရတယ်။ အခုဆို ကောက်စိုက်စက်လေး ဝယ်လိုက်တော့ တော်တော်လေး အဆင်ပြေလာတယ်။ အနီးနားက လယ်တွေကိုပါ အငှားစိုက်ရတော့ ဝင်ငွေလေးလဲ တိုးလာတာပေါ့...။
ကျွန်တော်တို့လို တောင်သူတွေက အလုပ်သမားရှားပါးလာတာနဲ့အမျှ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ပြောင်းလဲသင့်တာကြာပါပြီ။ အခုလို ကူဘိုတာစက်တွေနဲ့ မြေပြင်တာကစလို့ စပါးစိုက်တာကအစ ရိတ်တာအဆုံးဆိုတော့ အလေအလွင့်သက်သာပြီး ကုန်ကျစရိတ်လဲ သက်သာတဲ့အပြင် အလုပ်သမားရှာရတဲ့ ပူစရာမလိုတော့ဘူးပေါ့....
ကျွန်တော်တို့လို စက်ဝယ်ယူသုံးစွဲတောင်သူတွေကိုလည်း ကူဘိုတာစက်ကိုပဲ ဝယ်ယူသုံးစွဲဖို့ အကြံပေးချင်ပါတယ်... လို့ တောင်သူဦးကြီးရဲ့ စစ်မှန်သောရင်တွင်းစကားကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်ခင်ဗျာ....
ကူဘိုတာအသုံးပြုသူ တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သီးနှံများအထွက်တိုး၍ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပါစေကြောင်း ကျွန်တော်တို့ Kubota Myanmar မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ...
